ဒီ post လေကို ဆရာ ok soe myat thu မှပြန် shareပေးချင်းဖြစ်ပါတယ်
တချို့ဖုန်းတွေကို power supply နဲ့ ချိတ်စမ်းတဲ့အခါမှာ
ပါဝါ ပြန်ပြန်ပိတ်သွားတတ်ပါတယ်
အဲ့ဒီအကြောင်းလေး မှတ်သားထားတာ ပြောပြချင်ပါတယ်
ဖုန်းထဲမှာ အသုံးပြုထားတဲ့ Battery တွေမှာ
ငုတ်သုံးငုတ် နဲ့ ငုတ်လေးငုတ် အသုံးများပါတယ်
သုံးငုတ်ပါတွေမှာ
1. +V
2. BSI
3. -V (ground) တို့ ဖြစ်ကြပြီး
လေးငုတ်ပါတွေမှာ
1.+v
2. BSI
3. BT (BID)
4. -V (ground) တို့ ဖြစ်ကြပါတယ်
BSI ကိုတော့ Battery Size Indicator လို့ မှတ်သားဖူးပါတယ်
Battery ကိုအားသွင်းတဲ့အခါ Charging cutout လုပ်ဖို့ နဲ့
သုံးနေရင်း battery အားနဲသွားတဲ့အခါ detect သိဖို့အတွက်
BSI ငုတ် ထည့်ပေးထားတာလို့ ထင်ပါတယ်
CPU ကနေ လမ်းကြောင်းတကြောင်းနဲ့ BSI ငုတ်ကို
Sensor လုပ်ထားတဲ့အတွက် အဲဒီငုတ်ကို
ဗို့အားမရောက်ရင် ဖုန်း ပါဝါပိတ်သွားတတ်ပါတယ်
နောက်တငုတ်က Battery Temp (BT) ငုတ်ပါ
Battery သုံးနေရင်း over current ဖြစ်သွားတဲ့အခါမျိုးမှာ
Temp တက်လာတာဖြစ်ခဲ့ရင် ဖြတ်တောက်ပေးနိုင်ဖို့
CPU ကနေ sensor လုပ်ထားပါတယ်
Battery Temp is too high အစရှိတာတွေဟာ
Battery Temp ငုတ် ၊ လမ်းကြောင်းနဲ့ သက်ဆိုင်ပါလိမ့်မယ်
သိသာတဲ့ဖုန်းတွေက Huawei Y325 နဲ့ Y511 တွေပါ
သူတို့ကို Power Supply ချိတ်နှိုးတဲ့အခါ BSI ငုတ်ကို
လွှတ်ထားတဲ့အတွက် ပါဝါ ပြန်ပိတ်သွားပါတယ်
Battery ကို ဖြုတ်ကြည့်တဲ့အခါ Battery ရဲ့Amp အပေါ်မူတည်ပြီး
BSI ကနေ 10K မှ 100K အတွင်းရှိတဲ့ resistor တလုံးနဲ့
Ground ချထားတာကို တွေ့ရတတ်ပါတယ်
အဲဒါကြောင့် Y511 လိုဖုန်းမျိုးကို Power Supply ချိတ်စမ်းမယ်ဆိုရင်
10K ဝန်းကျင်ရှိတဲ့ Resistor တလုံးကို BSI နဲ့ Ground ငုတ်မှာ
ခွဆက်ပြီး စမ်းလို့ ရပါတယ်